Sondag 19 Oktober 2014

ကြင်နာသူဝေးဝေး

ကြင်နာသူဝေးဝေး
•°•°•°•°•°•°•°•°•°
*နေ့စဉ်လွမ်းလျှက်
ဆောင်းရွက်တွေလည်း မြေမှာခနေ
ပုရစ်ဖူးလေးတွေတောင် စီစီရီရီထွက်လာပြီ ချစ်သူရေ
*တိမ်လိုလေလို
မင်းစိတ်တွေကို ဖမ်းဆုတ်လို့မရဘူးလေ
ငါ အဖြစ်က ပလိုင်းပေါက်နဲ့ ဖားကောက်နေရသူလိုပဲ
အိမ်ရောက်လို့ ပလိုင်းလေးဝမ်းသာအားရဖွင့် ကြည့်လိုက်တော့
ဖားတစ်ကောင်မှ မတွေ့ရဘူးလေ။
*အချစ်မစကတည်းက
အလွမ်းဇာတ်တွေပဲ ခင်းနေရတာ
အသည်းနှလုံးတစ်ခုလုံးပုတ်တော့ မြေမြုပ်ဖို့ပဲရှိတော့တယ်
*ကဲ...အခုတော့
"ငါ" ဘာဆက်လုပ်ရမလည်း စဉ်းစားကြည့်တော့.......
"ငါ" အကြိုက်ဆုံး ကဗျာဆရာရေးတဲ့ "ကဗျာ"တွေကိုဖတ်မယ်။ ကဗျာဆရာ ကိုယ်တိုင်ဆိုထားတဲ့ဆိုတဲ့ သီချင်းနားလေးပဲနားထောင်နေလိုက်တော့မယ်!!!!!!!!!!!!!!!!!!
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*ကဗျာ ပန်းခင်း*
(18•10•2014) စနေနေ့

အရှုံးနဲ့ လူ

အရှုံးနဲ့ လူ
။။။။။။။။။။။။။။။။။။။။
*အတိတ်၊အနာဂတ်
ပစ္စုပ္ပန်တွေ ကင်းမဲ့လို့
မချစ်ချင်လို့..ဝေးကွာခဲ့တာ
အပြစ်မမြင်ပါဘူး.......ချစ်သူရေ

*ရင်ထဲမှာ ကြွေခါနီး
တဖျပ်ဖျပ်နဲ့ လှုပ်ရှားနေတဲ့
ရော်ရွက်ဝါတွေလိုပဲ
"ငါ" အသည်းလည်းကြွေခါနီးပါပြီ။
မချစ်ချင်လို့ အပြစ်မြင်ပြီးထားခဲ့တဲ့...
"မင်း" ကိုသာမေးချင်တာပါ...ချစ်သူရေ
ဘာအမှားလုပ်မိလို့လည်းလဲလို့ပါ??????
*နှစ်ကိုယ်စံ ကြံတိုင်းဝေး
မင်းအနားမှာ အရိပ်လိုနေ
ကြိုးဆွဲရာကတဲ့ ကကြိုးရုပ်လိုပါ...ချစ်သူ
တူနှစ်ကိုယ်တိုင်းပြည်တည်ဆောက်ဖို့
လေဆန်ပြန် အားသွန်စိုက်ခဲ့သူပါ။
*အခုတော့
မူလအခြေခံအချစ်က မကောင်းလေတော့
နင်နဲ့ ငါချစ်ခြင်းတွေ ပျက်ယွင်းခဲ့ရတာ
အားမတန်တော့ မာန်လျော့
နင်နဲ့ ငါအချစ်တွေပျက်ယွင်းရတာပါ။
မင်းမမှားပါဘူးချစ်သူ..."ငါ "ကအရှုံးနဲ့ လူပါ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*ကဗျာ ပန်းခင်း*

တော်လှန်ရေးစာဆိုကြီး

တော်လှန်ရေးစာဆိုကြီး
ဆင်းရဲတော့ ကရုဏာ
ချမ်းသာတော့ ပီတိ
အဘိုးအို မသေသေးခင်က
ကိုယ့်သွေးတွေ ကောင်းစေသောဟု
ဟောခဲ့ပေ၏၊၊

ညီညွတ်တော့ စိတ်ကြည်
မညီတော့စိတ်မော
အဘိုးအို မသေသေးခင်က
တောင်ဝှေးကို အဖော်ပြုပါလို့
သွေးစည်းမှုဟော၊၊
လိမ္မာတော့ အားမာန်
မိုက်ပြန်တော့သနား
အဘိုးအို မသေသေးခင်က
ငြိမ်းအေးကာ မနေစိမ့်ရှာဘု
စိတ်ကြောင့်ကြများ
ကိုယ့်တိုင်းပြည် ကျွန်ဖြစ်တော့
တစ်ဆစ်မှ ငုံ့မခံ
တော်လှန်တဲ့ တို့အဘိုး
မြန်မာ့သွေးပေပ
နှုတ်ခမ်းမွေး တစ်တောင်ကျော်နဲ့
ကလောင်မော် စိန်တစ်ချောင်းရယ်နဲ့
သောင်းမြန်မာ နယ်တရိုး
ဒေါင်းလံလွှင့်. ထိုး ၊၊. ၊၊
တင်မိုး

ကိုယ့်ပြည်သူသာ အားကိုးရာ


ကိုယ့်ပြည်သူသာ အားကိုးရာ
သူတို့ပြည် သူတို့ အကြောင်း
ကောင်းပေတယ် တို့ မငြင်းချင်ဘု
တို့ချင်း ညီညာညာနဲ့
ပြည်ရွာဝန် အားသွန်ထမ်းရင်ဖြင့်
တို့လမ်းလည်း သာလိမ့်မယ်၊၊

မညီကြရင်ဖြင့်
ပြည်လှမယ် တယ်မထင်နဲ့
ကယ်တင်မယ် ဟန်စကားတွေနဲ့
တရွယ်ရွယ် အကြံသမားတွေက
ညဏ်များကာ မာယာဆင်လို့
တပြင်ပြင်နေကြဆဲပါပဲ
ပြည်ထဲမှာ တမွှေမွှေနဲ့
ဒေါ်လာငွေ အာသာငမ်းသူတို့
ကျော့ကွင်းကိုထောင်ကာဖမ်း
အားစမ်းကြတယ်၊၊
ဒူးမထောက်လေနဲ့
နယူးယောက် ဝါရှင်တန်က
ဒေါ်လာသံ ချွင်ချွင် ဟည်းတဲ့ပြင်
သံတမန် သူလျှိုနည်းတွေနဲ့
ပစ္စည်းကို ငါးစာမျှားပါလို့
တိုင်းနိုင်ငံ ပြည်ငယ်များကိုလ
ဖြားယောင်းလို့ မြှူဆွယ်
နယ်ပယ်ချဲ့သမား၊၊
တို့အားကိုတို့ခင်
ကိုယ်ရေး ကိုယ်ပြင်မှ
သူဆင်သည် ထောင်ချောက်ကျင်းဆီက
လွတ်ကင်းမည် အမှန်သာပေါ့
တို့ပြည်သူ တစ်တပ် တစ်အားရယ်နဲ့
ကိုယ့်ဓားကိုနာနာကိုင်လို့
ကိုယ့်နိုင်ငံ ကိုယ်သာ ဆောက်ပါကြ
ကိုယ့်သွေးကို ကိုယ်ပြန်မသောက်လေနဲ့
ဖောက်ပြန်သူ မသမာက
ညီညွတ်မှာ မလိုလားချေဘု
မော်စကို နောက်ပေါက်များကိုလည်း
ထင်စားကာ မယုံလေနှင့်
နယ်ချဲ့တွေ နောက်တော်ပါးဆီက
ကြောက်အားတွေတသန်သန်နဲ့
ရန်သူကို မိတ်ဆွေဖွဲ့လေသတဲ့
တကယ့်ဆို ထိုအရေးမှာဖြင့်
ဘေးထိုင်ကာ ရေသာခိုလိမ့်
ကိုယ့်အားကို တကယ်စွဲပါမှ
ကိုယ့်တိုင်းပြည် အခြေမြဲလို့ရယ်
ပွဲတင့်လိမ့်တကား
တင်မိုး

*တစ်မင်သက်သက်***


*တစ်မင်သက်သက်***
ငါ အတွေး
ငါ ကမ္ဘာထဲမှာ
ဝဲလာနေကျ မျက်ဝန်းတစ်စုံ
အစုန်အဆန်နဲ့ 
ဆုံ၇န် ၀င်နားသွားတာလား...

ငါ အတွေး
ငါ ၀န်းကျင်မှာ
ဖြတ်သန်းသွားတဲ့ ပုံရိပ်တစ်ခု
အပြန်အသွားနဲ့ 
ကြုံရန် ၀င်ခိုသွားတာလား...
ငါ အတွေး
ငါ နှလုံးသားမှာ
မွှေနှောက်သွားတဲ့ နာမည်တစ်မျိုး
အသဲကွဲဖို့ အတွက်နဲ့ 
အလဲ ထိုးသတ်သွားတာလား...။
မုန်းမာန် (ရွှေသဲ)

*ကော်ဖီတစ်ခွက်နဲ့နင့်အပြုံးတစ်ချက်**

*ကော်ဖီတစ်ခွက်နဲ့နင့်အပြုံးတစ်ချက်**
ကော်ဖီတစ်ခွက်နဲ့နင့်အပြုံးတစ်ချက်က
လောကဓံကိုရင်ဆိုင်ယှဉ်ပြိုင်ဖို့
ခွန်အားတွေဖြစ်လို့
တနေ့တခါသောက်သုံးဖို့
နှလုံးသားကအိပ်မက်ပေးတယ်..။
ဘယ်လိုလုပ်ရမလဲ
အစွမ်းကုန်ပြင်ဆင်တည်ဆောက်ထားတဲ့
အကြင်နာစမ်းချောင်းထဲမှာ
အလွမ်းတွေက ခုထိစီးဆင်းနေကြတုန်းလေ
တလှမ်းအကွာကချစ်သူကို
ချစ်တယ်လို့ပြောဖို့
ကြားကထုထည်က
ပိတ်သည်းမဲမှောင်
ယောင်လို့တောင်မှ
ထွက်ကျမလာတဲ့စကားတွေ
ဘယ်လိုသတ္တိနဲ့ထုတ်ပြရမလဲ
ဟုတ်တယ်....
ကိုယ်ရေလောင်းပေါင်းသင်မပြုနိုင်တဲ့
ပန်းတစ်ပွင့်ကိုမှ
ဘာဖြစ်လို့များ
နမ်းခွင့်ရဖို့ကြိုးစားချင်နေမိတာလဲ..
ငါ့ကိုငါတောင်နားမလည်တော့ဘူး...။
နပိုလီယံပြောသလို
အချစ်ကိုအောင်နိုင်ဖို့
ရှေင်ပြေးတိမ်းရှောင်ဖို့လည်း မစွမ်းရဲ
နင်နဲ့တွေ့လိုက်တိုင်း
ဒူးထောက်အရှုံးပေးဖို့လောက်ပဲ
စဉ်းစားတွေးတောတက်လာတယ်
ရင်ထဲကဆာလောင်မွတ်သိပ်တိုင်း
အချစ်ရဲ့ပဲ့ကိုင်ရှင်မြှားနက်မောင်ကိုပဲ
ခဏခဏကျိန်ဆဲနေမတော့
တပ်မပါတဲ့နှလုံသား
အချစ်ဆိပ်ကမ်းနား
ဘယ်ကပ်နိုင်ပါတော့မလဲ
အထူးအပါးနားမလည်တဲ့
ဘယ်ဘက်ရင်အုန်ရဲ့
အနက်ရှိုင်းဆုံးတနေရာက
အပြစ်မဲ့အကျဉ်းသားတစ်စုံကလည်း
ဖေဖ၀ါရီ(14)အမှီ
နှလုံးသားတံခါးကိုဖွင့်ဖို့
ငါ့ရှေ့မှာအယူခံဝင်ကြတယ်
နောက်ဆုတ်ဖို့နဲ့
ရှေ့ဆက်တိုးဖို့မျဉ်းနှစ်ကြောင်းကြား
ငါလည်းဗျာများနေရပြီ
နေပါစေတော့လေ...
အမြင်ဆုံးပန်းတစ်ပွင့်ပေမို့
တသက်လုံးနမ်းခွင့်မရရင်လည်း
ကော်ဖီတစ်ခွက်နဲ့နင့်အပြုံးတစ်ပွင့်ကိုတော့
အဆုံးသတ်ကြဲချလိုက်ပါ
အို..ကြမ္မာ

မိုးစက်

ည ..... ည အို ည .....

ည .....

အို ည .....
လက မ ပေါ် ကောင်းကင် ယံပေါ်
ကြယ်ကမှိတ်တုန့် အိပ် လို့မ ပျော်
ထလို့ထိုင် သော် .....
ညကိုနိုးဆော် ... မိုးကိုခေါ်တဲ့
ဖားက အော်အော်
ပုရစ်ကဆူဆူ
ခွေးကအူအူ
ညကိုအသက်သွင်း ကဗျာစပ် ရင်း ...
အိပ် မ ပျော်ခဲ့တဲ့ ညရက် ရှည်ဝယ် .....

အိုည .....
ဒီညအ ကြောင်း ...
ကဗျာစပ်လို့ မနိုင် , နိုင် ပါတယ် ။