Sondag 19 Oktober 2014

*ကော်ဖီတစ်ခွက်နဲ့နင့်အပြုံးတစ်ချက်**

*ကော်ဖီတစ်ခွက်နဲ့နင့်အပြုံးတစ်ချက်**
ကော်ဖီတစ်ခွက်နဲ့နင့်အပြုံးတစ်ချက်က
လောကဓံကိုရင်ဆိုင်ယှဉ်ပြိုင်ဖို့
ခွန်အားတွေဖြစ်လို့
တနေ့တခါသောက်သုံးဖို့
နှလုံးသားကအိပ်မက်ပေးတယ်..။
ဘယ်လိုလုပ်ရမလဲ
အစွမ်းကုန်ပြင်ဆင်တည်ဆောက်ထားတဲ့
အကြင်နာစမ်းချောင်းထဲမှာ
အလွမ်းတွေက ခုထိစီးဆင်းနေကြတုန်းလေ
တလှမ်းအကွာကချစ်သူကို
ချစ်တယ်လို့ပြောဖို့
ကြားကထုထည်က
ပိတ်သည်းမဲမှောင်
ယောင်လို့တောင်မှ
ထွက်ကျမလာတဲ့စကားတွေ
ဘယ်လိုသတ္တိနဲ့ထုတ်ပြရမလဲ
ဟုတ်တယ်....
ကိုယ်ရေလောင်းပေါင်းသင်မပြုနိုင်တဲ့
ပန်းတစ်ပွင့်ကိုမှ
ဘာဖြစ်လို့များ
နမ်းခွင့်ရဖို့ကြိုးစားချင်နေမိတာလဲ..
ငါ့ကိုငါတောင်နားမလည်တော့ဘူး...။
နပိုလီယံပြောသလို
အချစ်ကိုအောင်နိုင်ဖို့
ရှေင်ပြေးတိမ်းရှောင်ဖို့လည်း မစွမ်းရဲ
နင်နဲ့တွေ့လိုက်တိုင်း
ဒူးထောက်အရှုံးပေးဖို့လောက်ပဲ
စဉ်းစားတွေးတောတက်လာတယ်
ရင်ထဲကဆာလောင်မွတ်သိပ်တိုင်း
အချစ်ရဲ့ပဲ့ကိုင်ရှင်မြှားနက်မောင်ကိုပဲ
ခဏခဏကျိန်ဆဲနေမတော့
တပ်မပါတဲ့နှလုံသား
အချစ်ဆိပ်ကမ်းနား
ဘယ်ကပ်နိုင်ပါတော့မလဲ
အထူးအပါးနားမလည်တဲ့
ဘယ်ဘက်ရင်အုန်ရဲ့
အနက်ရှိုင်းဆုံးတနေရာက
အပြစ်မဲ့အကျဉ်းသားတစ်စုံကလည်း
ဖေဖ၀ါရီ(14)အမှီ
နှလုံးသားတံခါးကိုဖွင့်ဖို့
ငါ့ရှေ့မှာအယူခံဝင်ကြတယ်
နောက်ဆုတ်ဖို့နဲ့
ရှေ့ဆက်တိုးဖို့မျဉ်းနှစ်ကြောင်းကြား
ငါလည်းဗျာများနေရပြီ
နေပါစေတော့လေ...
အမြင်ဆုံးပန်းတစ်ပွင့်ပေမို့
တသက်လုံးနမ်းခွင့်မရရင်လည်း
ကော်ဖီတစ်ခွက်နဲ့နင့်အပြုံးတစ်ပွင့်ကိုတော့
အဆုံးသတ်ကြဲချလိုက်ပါ
အို..ကြမ္မာ

မိုးစက်

Geen opmerkings nie:

Plaas 'n opmerking