ကြင်နာသူဝေးဝေး
•°•°•°•°•°•°•°•°•°
*နေ့စဉ်လွမ်းလျှက်
ဆောင်းရွက်တွေလည်း မြေမှာခနေ
ပုရစ်ဖူးလေးတွေတောင် စီစီရီရီထွက်လာပြီ ချစ်သူရေ

*တိမ်လိုလေလို
မင်းစိတ်တွေကို ဖမ်းဆုတ်လို့မရဘူးလေ
ငါ အဖြစ်က ပလိုင်းပေါက်နဲ့ ဖားကောက်နေရသူလိုပဲ
အိမ်ရောက်လို့ ပလိုင်းလေးဝမ်းသာအားရဖွင့် ကြည့်လိုက်တော့
ဖားတစ်ကောင်မှ မတွေ့ရဘူးလေ။
*အချစ်မစကတည်းက
အလွမ်းဇာတ်တွေပဲ ခင်းနေရတာ
အသည်းနှလုံးတစ်ခုလုံးပုတ်တော့ မြေမြုပ်ဖို့ပဲရှိတော့တယ်
*ကဲ...အခုတော့
"ငါ" ဘာဆက်လုပ်ရမလည်း စဉ်းစားကြည့်တော့.......
"ငါ" အကြိုက်ဆုံး ကဗျာဆရာရေးတဲ့ "ကဗျာ"တွေကိုဖတ်မယ်။ ကဗျာဆရာ ကိုယ်တိုင်ဆိုထားတဲ့ဆိုတဲ့ သီချင်းနားလေးပဲနားထောင်နေလိုက်တော့မယ်!!!!!!!!!!!!!!!!!!
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*ကဗျာ ပန်းခင်း*
(18•10•2014) စနေနေ့

Geen opmerkings nie:
Plaas 'n opmerking