Sondag 19 Oktober 2014

တော်လှန်ရေးစာဆိုကြီး

တော်လှန်ရေးစာဆိုကြီး
ဆင်းရဲတော့ ကရုဏာ
ချမ်းသာတော့ ပီတိ
အဘိုးအို မသေသေးခင်က
ကိုယ့်သွေးတွေ ကောင်းစေသောဟု
ဟောခဲ့ပေ၏၊၊

ညီညွတ်တော့ စိတ်ကြည်
မညီတော့စိတ်မော
အဘိုးအို မသေသေးခင်က
တောင်ဝှေးကို အဖော်ပြုပါလို့
သွေးစည်းမှုဟော၊၊
လိမ္မာတော့ အားမာန်
မိုက်ပြန်တော့သနား
အဘိုးအို မသေသေးခင်က
ငြိမ်းအေးကာ မနေစိမ့်ရှာဘု
စိတ်ကြောင့်ကြများ
ကိုယ့်တိုင်းပြည် ကျွန်ဖြစ်တော့
တစ်ဆစ်မှ ငုံ့မခံ
တော်လှန်တဲ့ တို့အဘိုး
မြန်မာ့သွေးပေပ
နှုတ်ခမ်းမွေး တစ်တောင်ကျော်နဲ့
ကလောင်မော် စိန်တစ်ချောင်းရယ်နဲ့
သောင်းမြန်မာ နယ်တရိုး
ဒေါင်းလံလွှင့်. ထိုး ၊၊. ၊၊
တင်မိုး

Geen opmerkings nie:

Plaas 'n opmerking