Sondag 19 Oktober 2014

အရှုံးနဲ့ လူ

အရှုံးနဲ့ လူ
။။။။။။။။။။။။။။။။။။။။
*အတိတ်၊အနာဂတ်
ပစ္စုပ္ပန်တွေ ကင်းမဲ့လို့
မချစ်ချင်လို့..ဝေးကွာခဲ့တာ
အပြစ်မမြင်ပါဘူး.......ချစ်သူရေ

*ရင်ထဲမှာ ကြွေခါနီး
တဖျပ်ဖျပ်နဲ့ လှုပ်ရှားနေတဲ့
ရော်ရွက်ဝါတွေလိုပဲ
"ငါ" အသည်းလည်းကြွေခါနီးပါပြီ။
မချစ်ချင်လို့ အပြစ်မြင်ပြီးထားခဲ့တဲ့...
"မင်း" ကိုသာမေးချင်တာပါ...ချစ်သူရေ
ဘာအမှားလုပ်မိလို့လည်းလဲလို့ပါ??????
*နှစ်ကိုယ်စံ ကြံတိုင်းဝေး
မင်းအနားမှာ အရိပ်လိုနေ
ကြိုးဆွဲရာကတဲ့ ကကြိုးရုပ်လိုပါ...ချစ်သူ
တူနှစ်ကိုယ်တိုင်းပြည်တည်ဆောက်ဖို့
လေဆန်ပြန် အားသွန်စိုက်ခဲ့သူပါ။
*အခုတော့
မူလအခြေခံအချစ်က မကောင်းလေတော့
နင်နဲ့ ငါချစ်ခြင်းတွေ ပျက်ယွင်းခဲ့ရတာ
အားမတန်တော့ မာန်လျော့
နင်နဲ့ ငါအချစ်တွေပျက်ယွင်းရတာပါ။
မင်းမမှားပါဘူးချစ်သူ..."ငါ "ကအရှုံးနဲ့ လူပါ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
*ကဗျာ ပန်းခင်း*

Geen opmerkings nie:

Plaas 'n opmerking