Sondag 12 Oktober 2014

ညင်သာစွာ

ညင်သာစွာနဲ့ ငါ့အနားကိုရောက်လာပြီး
ညင်သာစွာပဲ ငါ့အနားကပြန်ထွက်သွားပေမဲ့
ဝေဒနာတစ်ချို့ကိုတော့ မင်းချန်ခဲ့တယ်နော်
တိတ်ဆိတ်ညရဲ့ သန်းခေါင်ယံချိန်တွေကို
အလွမ်းတွေနဲ့ကျော်ဖြတ် အိပ်ပျက်ညတွေလည်း
များခဲ့ရပြီ"မေ"...
အချိန်တွေကြာလာရင် မေ့နိုင်မယ်လို့
ငါ့စိတ်မှာယုံကြည်ထားပေမဲ့လို့
တိုက်ဆိုင်မှု့တွေရှိလာတိုင်း သတိရတမ်းတနေတက်တာ မင်းကတော့သိနိုင်မယ် မထင်ဘူးလေ
အကြိမ်ကြိမ်တမ်းတ အခါခါလွမ်းနေရပေမဲ့
ချန်ရစ်ခဲ့သူမင်းက ဟိုအဝေးမှာ
ပျော်နေနိုင်ပြီပေါ့နော်...
ကံမကြုံလို့မဆုံနိုင်တဲ့အဝေး မင်းထွက်ပြေးလည်း
ငါ့ရင်မှာတော့ သူ့တစ်ယောက်ကို
လွမ်းရင်းလွမ်းလျှက်လွမ်းနေဆဲပါပဲ ချစ်သူရယ်....

့လွမ့်း

Sai Thantun

1 opmerking: