~~~~~~~~~~~~~
*"ငါ"စိတ်ကူးအိမ်မက်
တိမ်တိုက်တွေကို
ကောင်းကင်းမှာ
အမြဲဆေးခြယ်
အရောင်မပြယ်
ခုနှစ်ရောင်စဉ်
သက်တန့်လိုပဲ။
°°°°°°°°°°°°°°°°°°°°°°°°°°°
* ထာဝရစဉ်
လင်းတစ်ခါ
မှောင်တစ်လဲ့နဲ့
"ငါ"ရဲ့ရင်ခွင်
ကောင်းကင်မှာလေ
ဆေးခြယ်နေသူ
မင်းက ကောင်းကင်တွေ
များတာ ငါသိလေစ။
°°°°°°°°°°°°°°°°°°°°°°°°°°°°°
* ဒါပေ့မယ့်လေ
အိမ်မက်တွေကို
အမြဲဆေးခြယ်
သူရယ်ပါလေ။
အပြစ်တွေရယ်
မစေစားလို
ဘဝရဲ့ အရှင်သခင်မို့
နေသာသလိုသာ
နေပါတော့လေ။
°°°°°°°°°°°°°°°°°°°°°°°°°°°
*သူစိတ်ရယ်က
လေပြေလိုပဲ
ပြေးလွှားဆော့ကစား
တိမ်တွေလိုပဲ
စိတ်ကူးတိုင်းရွက်လွှင့်
သူမို့ ငြူစူစူ
မပြောလို့တော့ပါ
တိမ်တွေနဲ့ ကစားသူရယ်။
~~~~~~~~~~~~~~~~
*ကဗျာ ပန်းခင်း*
22•9•2014(အင်္ဂါနေ့)
Geen opmerkings nie:
Plaas 'n opmerking