Maandag 29 September 2014

မေတ္တာဆိုတာ အကျိုးလိုလားခြင်း

မေတ္တာဆိုတာ အကျိုးလိုလားခြင်း
~~~~~~~~~~~~~~~
မေတ္တာဆိုတာဆိုတာ ဘာလဲဆိုတော့--
မိမိကိုယ်ကို ပိုပြီးတော့ အသိဥာဏ်ကြီးမားလာအောင် တိုးတက်လာအောင်လုပ်တာနဲ့၊ သူတစ်ပါးကိုလည်းပဲ ပိုပြီးတော့ အသိဥာဏ် ကြီးမားလာအောင်၊ တိုးတက်လာအောင် ဆောင်ရွက်ပေးတာဟာ မေတ္တာပါ။
မေတ္တာကို အဲ့ဒီလို အဓိပ္ပာယ်ဖွင့်ထားတယ်နော်။ ပါဠိစာပေထဲမှာ မေတ္တာဆိုတာ ဘာလဲဆိုတာနဲ့ ပတ်သတ်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တွေ့ရတယ်။ ဘယ်လိုတွေ့လည်း"အကျိုးကို လိုလားခြင်း" တဲ့။ ဗမာလိုတော့ မေတ္တာဆိုတာကို ချစ်ခြင်းလို့ ဘာသာပြန်တယ်။ အဲ့တာ အမှန်တော့ မေတ္တာရဲ့ သဘာဝကိုဖော်ပြတာမဟုတ်ဘူး။ စကားလုံးတစ်လုံးကို နောက်ထပ် စကားလုံးတစ်လုံးနဲ့ ပြောင်းပေးလိုက်တာပဲ ရှိပါတယ်နော်။
"မေတ္တာဆိုတာ အကျိုးကို လိုလားခြင်း" ဆိုတာ သေသေချာချာစဉ်းစားမှနော်။ အကျိုးကို လိုလားခြင်းဆိုတော့ အကျိုးဆိုတာ ဘာလဲ၊ ဘယ်လိုလည်းသိမှဖြစ်မယ်။ အဲ့ဒီတော့ အကျိုးကိုလိုလားခြင်းဆိုတာဟာ အသိဥာဏ်ရှိမှ ဖြစ်နိုင်တာနော်။ ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာမကောင်းဘူး ဆိုတာမသိဘဲနဲ့ အကျိုးလိုလားကို လိုလားတယ်ဆိုတာ မဖြစ်နိုက်ဘူး။
မကောင်းမှု့ပြုဖို့ "သူငယ်ချင်းလာပါ၊ မကောင်းမှုသွားလုပ်ရအောင်" လို့အဖော်စပ်တာ အကျိုးကိုလိုလား မဖြစ်နိုင်တော့ဘူး။ကိုယ်တိုင်မကောင်းမှု့ကိုလုပ်တယ်၊ သူတစ်ပါးကိုလည်း မကောင်းမှုလုပ်ဖို့ရာ အဖော်စပ်တယ်၊ အဲ့တာကမေတ္တာမဟုတ်ဘူး။ သူငယ်ချင်းတချို့ သိပ်ချစ်ကြလို့ အရက်သောက်ရအောင်လို့ ခေါ်ကြတာ ဘယ်နည်းနဲ့မှ မေတ္တာမဖြစ်နိုင်ဘူး။
အကျိုးလိုလားတယ်ဆိုတာမှာ-- ကျန်းမာရေး၊ စီးပွားရေး၊ လှုမှု့ရေး၊ ပညာရေး အားလုံးပါတယ်နော်။ ကျန်းမာစေချင်တယ်၊ အသက်စေချင်တယ်၊ ပညာတတ်စေချင်တယ်၊ တရားအားထုတ်စေချင်တယ်။ စားဝတ်နေရေး အဆင်ပြေစေချင်တယ်၊ ဘေးရန် ကင်းစင်စေချင်တယ်၊ အလိမ်ညာကင်းစေချင်တယ်၊ ဒါတွေအားလုံးဟာ အကျိုးကိုလိုလားတာတွေချဉ်းပဲ။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
"ဆရာတော်ဦးဇောတိက မေတ္တာတရား လမ်းပျောက်ရာမှ လမ်းမှန်ပေါ်ရောက်လာသူ" စာအုပ်မှ ပြန်လည်မျှဝေသည်။ သူငယ်ချင်း၊ အကိုကြီး၊ အမများကို ခင်မင်လေးစားလျှက်။



ကဗျာ ပန်း ခင်း

Geen opmerkings nie:

Plaas 'n opmerking