နင်းခြေလို့အပြီး
ဆင်မြင့်ပေါ်တက်သွားတဲ့
မင်းကို
ငါ လက်ခုပ် တီးပေးနေမှာပါ…..
ပန်းတပွင့်ကို ခူးခြေ
မြေမှာ ဖွခဲ့အပြီး
အပင်သစ်ဆီ ပျံသန်းသွားတဲ့
မင်းကို
ငါ ဆုတောင်းပေးနေမှာပါ…..
ခမ်းနားမှုတွေနဲ့ ကင်းတဲ့
အချစ်စစ်တခုကို
မင်း ဖျက်ဆီးခဲ့အပြီး
နေရပ်သစ်မှာ မင်းပျော်မွေ့ဖို့
မင်းကို
ငါ အားပေးနေမှာပါ…..
အလွမ်းသံသရာတွေကို
ပြက္ခဒိန်မှာ ငါ့အတွက်
လက်ဆောင်ပေးခဲ့အပြီး
မင်္ဂလာဆင်မြင့်ထက် တက်သွားတဲ့
မင်းကို
ငါ့ နှလုံးသားလေး
လက်ဖွဲ့ပေးမှာပါ….
Geen opmerkings nie:
Plaas 'n opmerking