Maandag 29 September 2014

အိပ်မက်လေပြေ

အိပ်မက်လေပြေ
°•°•°•°•°•°•°•°•°•°•°•°•°•°•
*လေပြေလှုပ်တာ
လှိုင်းပုတ်တာကို
စိတ်ဝယ်ထင်တာ
ကြည့်နူးရွှင်ပြ
အဟုတ်မှတ်တာ
ရတာကတော့
အလွမ်းတွေပဲပေါ့။

*ဘဝရယ်က
အထွေထွေနဲ့
သေချာတာက
မသိပေမို့
မရေမရာ
လမ်းကမသိ
ကမ်းကမရှိ
အိမ်မက်တွေက
တဖန်နိုးပြန်
အလွမ်းတွေပဲပေါ့။
*ယောင်လို့တောင်မကြည့်
ဘယ်ညာမှန်းတောင်
မသိတဲ့ ယောင်အအနဲ့
အိမ်မက်တွေထဲ
ပျံ့လွှင့်နေသူပါ။
*တကယ်တော့
လန့်နိုးဖို့မကြိုးစား
ယောင်လို့တောင်မစမ်းဝံ့
လန့်နိုးပြန်တော့
အိမ်မက်က အိမ်မက်ပါပဲ။!`´!
~~~~~~~~~~~~~~~~~



ကဗျာ ပန်း ခင်း

Geen opmerkings nie:

Plaas 'n opmerking