Vrydag 26 September 2014

နင်မချစ်ခဲ့ဖူးပေမယ့်

နင်မချစ်ခဲ့ဖူးပေမယ့်
ငါ့ရင်ခုန်သံတွေ ပြိုလဲအောင်
ငါ့အနိုင်ယူမှုတွေ လျော့နည်းအောင်
ပြီးတော့ နင့်အတွက် ငါ့အတွေးတွေ တည်မြဲအောင်…..
နင်ဖန်တီးယူနိုင်ခဲ့တယ်…..။
နင်မချစ်ခဲ့ဖူးပေမယ့်
ငါ့မာနတွေမြေခအောင်
ငါ့အတ္တတွေ ပယ်ဖျောက်အောင်
နင့်အပြုံးတွေနဲ့ အနေခက်အောင်
နင်လုပ်ဆောင်နိုင်ခဲ့တယ်…..။
နင်မချစ်ခဲ့ဖူးပေမယ့်
နင်မှနင်ပဲ ရည်ရွယ်တက်သွားအောင်
ငါ့အတိတ်တွေထဲ နင်ဝင်ဆန့်အောင်
ငါ့အနာဂတ်ကြီး နင်ချယ်လှယ်နိုင်အောင်
နင် သရုပ်ဆောင်တက်ခဲ့တယ်…..။
နင်မချစ်ခဲ့ဖူးပေမယ့်
ငါ့အသက်၇ှုတိုင်း နင်ဆိုတာ သက်မှတ်တက်သွားအောင်
တယ်လီဖုန်းသံတွေတိုင်း မျှော်လင့်တက်သွားအောင်
ဘယ်အရာမဆို နင်နဲ့တိုင်ပင်တက်သွားအောင်
နင်ကြိုးစားယူခဲ့တယ်….။
တကယ်ပါ နင်မချစ်ခဲ့ဖူးပေမယ့်……
ငါ့ရပ်တည်ခြင်းတွေ အနှစ်မရှိတော့အောင်
ငါ့ရင်ခုန်သံတွေ အသက်မဲ့သွားအောင်
ငါ့ဦးတည်ချက်တွေ ပျောက်ဆုံးသွားအောင်…..
နင်အခု တကယ်စေခိုင်းတက်ပါတယ်…..။


      
Kyaw Kyaw Lwin

Geen opmerkings nie:

Plaas 'n opmerking