Vrydag 26 September 2014

နှလုံးကာနံရံ

နှလုံးကာနံရံ
ဘေးတစ်ချက်က "ရိပ်" ခနဲ ...
ဖြတ်လျှောက်သွားတဲ့
အကြည့်တစ်စုံ ...။
မခေါက်ဘဲ
ရင်ခွင်တံခါးကို "ကား" ခနဲ ...
ဆွဲဖွင့်လို့ ကြိုခဲ့
သူ ... ၀င်ကြည့်လျက် ...။
နေရာမလပ်
မူးယစ်ရမ်းကား "တစ်လွှားလွှား" အနှံ့
အဆိပ်ရည် ဖြန်းပက်
ကောက်ကြောင်းတွေ ခြစ်ရေး ...။
ကွဲရှစုတ်ပြဲ
နှလုံးက ဒဏ်ရာကို "တစ်ရွရွ" ကောက်ကိုင်
ကျောပြင်ကို ငေးရင်း
ကျန်ရစ်တဲ့ တံခါးဝ ...။
... ကြာခဲ့ပြီ ...
ငါ့ ဘာသာ စေ့မရတော့တဲ့
နှလုံးတံခါးကား ဖွင့်ဆဲ ... ။
ရကောက်ရေရ


ကလောင် ရှင်လေး

Geen opmerkings nie:

Plaas 'n opmerking