Maandag 29 September 2014

ကျေးဇူးပါ...ချစ်သူ

ကျေးဇူးပါ...ချစ်သူ
•°•°•°•°•°•°•°•°•°•°•°•°•°
*သက်ရောက်မှု့တိုင်း
တန်ပြန်မှု့ရှိပါတယ်
တုန့်ပြန်တာ
မတုန့်ပြန်တာ
မသေချာပါဘူး။
ကြေမွနေတာတော့
နှလုံးသားတစ်စုံပါ။

*ဇာတ်လမ်းကတော့
ရုံမတင်နိုင်ပါဘူး။
ခါးသီးလွန်းတဲ့
စကားတွေက
ပင်လယ်ရေလိုပဲ
ငန်လွန်းတော့ခါး
ရေချိုပင်လယ်
ဖြစ်စေတော့လို့
ဥုံဖွံ့လို့ မမန်းနိုင်ခဲ့ဘူး။
*နှလုံးသားစစ်ပွဲ
အမုန်းတရားတွေ
မသုံးခဲ့ပါဘူး
အရှုံးသမားလိုပဲ
နေခဲ့သူကို
စေတမာန်အမိန်နဲ့
သေမိန်ချတာ။
* နှလုံးသားတစ်စုံ
မြေသို့ဗုန်းဗုန်းကြွေခဲ့ပါပြီ။
ကျေးဇူးပါပဲလို့
စကားထက်ပိုမဆိုတတ်သူမို့
အရှုံးသမားဘဝနဲ့
ဖြေပါရစေတော့။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
*ကဗျာ ပန်းခင်း*
(29•9•2014) တနင်္ဂနွေနေ့



ကဗျာ ပန်း ခင်း

Geen opmerkings nie:

Plaas 'n opmerking