Vrydag 26 September 2014

အပြုံးရဲ့ နောက်ကွယ်

အပြုံးရဲ့ နောက်ကွယ်
နင့်ရင်ထဲမှာသူ့ အတွက်ခံစားချက်
မတိမ်ကောသေးဘူးနော် !
ဟန်လုပ်ရယ်မော
ခပ်သောသောဟန်ရဲ့ နောက်ကွယ်မှာ
အတွေးနက်နက်တွေမြင်နေရတယ်
စိတ်ရဲ့ တံခါးပေါက်
မျက်ဝန်းတွေကကော
သက်သေခံတွေမဟုတ်ဘူးလား?
နင့်ချစ်သူလောက်နင်မချစ်နိုင်တဲ့ငါဟာ
နင့်ရဲ့ သူငယ်ချင်းနားလည်ဖော်တစ်ယောက်အနေနဲ့ 
စည်းတစ်ဖက်မှာနေအပ်တယ်လို့ 
မထင်မိဘူးလား ?
တစ်ခုခုကိုမေ့ပြစ်ဖို့ 
တစ်ခုအစားထိုးရမယ်ဆိုတာ
နိယာမတစ်ခုဆိုပေမယ့်
ခံစားရသူချင်းအတူတူ
နာကျင်စရာဖြစ်ရပ် ……… နင်ငါ့ကိုပေးရက်လို့ လား ?

ကလောင် ရှင်လေး

Geen opmerkings nie:

Plaas 'n opmerking