သံစဉ်မဲ့ မျက်ရည်
•°•°•°•°•°•°•°•°•°
*တိမ်လေးတွေကြား
ပျော်ရွှင်လွတ်လပ်စွာ
တေးဆိုပျံသန်းနေတဲ့
ငှက်ကလေးများ
ကြည့်ပြီးးမပျော်ရွှင်နိုင်ပ
*ပျော်ရွှင်ခြင်းက
ကမ္ဘာတစ်ဖက်
ဘဝမှာ ပျော်ရွှင်မှု့ရှိရာ
အိမ်မက်ကမ္ဘာမှာ
အရောက်သွားနေသော်လည်း
မရောက်နိုင်တာ
"ငါ့"ခြေစုံပါ။
*"ငါ့"ခြေစုံကို...ရပ်တန့်ေ
ဘယ်သူလဲ???????????
"ငါ့"နှလုံးသားတစ်စုံကို
ရင်ခုန်လှုပ်ရှားအောင်
လုပ်တဲ့ မာယာများတဲ့
ချစ်သူရယ်ပါလေ။
*အချစ်ဆိုတဲ့ မှော်ရုံတောရဲ့
မာယာဝင်္ကဘာထဲမှာ
နှလုံးသားကို တစ်စစီ
ကြေမွမြေခအောင်
ပြုစားတတ်သူပေါ့
ချစ်သူ....တကယ်တော့လေ
နှလုံးသားကျဆင်းလာတာ
သံစဉ်မဲ့တဲ့ မျက်ရည်တွေပါ
"ငါ့"နှလုံးသား ခံနိုင်ရည်မရှိလို့......
•°•°•°•°•°•°•°•°•°•°•°•°•°
Geen opmerkings nie:
Plaas 'n opmerking