Vrydag 26 September 2014

ဘဝဆိုတာ


ဘဝဆိုတာ
မြင့်ကာတချီ
နိမ့်ကာတလှည့်
ပေါ်လိုက်ငုပ်လိုက်
ဒီလှိုင်းအလား
တူစွဧကန်ပင်။

ရေတက်ရေကျ
စုန်ကာဆန်ကာ
မျောရရှာသော
ဗေဒါငယ်မှာ
ဘယ်ဆီဘယ်ကမ်း
ဆိုက်ရောက်မသိ
ပန်းတိုင်မဲ့၏။

ငါတို့တတွေဟာ
ဗေဒါမဟုတ်
လူ့ဘဝဆိုတာ
အပြောင်းအလဲ
ရှိစမြဲမို့..ဗေဒါငယ်လို
မဖြစ်လေအောင်
သတိရှိ၍
အားထုတ်ကြလော့
အို...လူသားတို့။
   Ko Aung

Geen opmerkings nie:

Plaas 'n opmerking