Vrydag 26 September 2014

မျှော်လင့်ချင်းမဲ့ ကမ်းပါး

မျှော်လင့်ချင်းမဲ့ ကမ်းပါး
••°••°••°••°••°••°••
မျှော်လင့်ချက်မဲ့နေတဲ့
ကမ်းပါမှာ မျှော်လင့်ချင်း
တွေတပွေ့တပိုက်နဲ့
တစ်ယောက်တည်း
ရပ်လျက်အဝေးတစ်
နေရာကို ငေးကြည့်စဉ်
လေပြေနုလေးယူဆောင်
လာတာတော့ အလွမ်း
များတစ်ပွေ့တစ်ပိုက်
နဲ့ ရင်ခွင်ကိုတိုးဝင်
ရောက်လာတာပဲ။

ငါဟာအဆိပ်သီးကို
စားသုံးပြီး အဆိပ်
ပင်လယ်ထဲမျှောနေ
တာ"ငါ"မသိခဲ့ပါ။
အခုတော့"ငါ"ကိုယ်
ငါပဲမုန်းမိတယ်။

သွေးပျက်ခြောက်လန့်
နေ့တဲ့ "လ"မသာတဲ့ည
တွေဖြတ်သန်ရင်းပေါ့။
ဝေဒနာကို မီးရှုံ့ပစ်
အကြင်နာတွေကို
သော့ခတ်သိမ်ထားကာ
နှလုံးသားကရခဲ့တာ
သေရာပါ ဒါဏ်ရာ
တစ်ခုရခဲ့တာပဲ....
°•°•°•°•°•°•°•°•°•°
* ကဗျာပန်းခင်း*
(သူငယ်ချင်းအားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ။ စိတ်၏ ချမ်းသာခြင်း၊ကိုယ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ)





            ကဗျာ ပန်း ခင်း

Geen opmerkings nie:

Plaas 'n opmerking